EVERYTHING IS SMART

VVIP NINE : စည်းကမ်းနဲ့သက်မှတ်ချက်များ

VVIP9 Smart Cards ကိုအသုံးမပြုမီ ဤစည်းမျဉ်းစည်းကမ်းများကို ဖတ်ရှုနားလည်သိရှိထားရန်လိုအပ်ပါသည်။ ဤစည်းမျဉ်းစည်းများအရ VVIP9 Smart Cards ကို စီမံဆောင်ရွက်လျက်ရှိပါသည်။ သင်သည် VVIP9 Smart Cards ကို အသုံးပြုနေသူဖြစ်ပါက ဤစည်းမျဉ်းစည်းကမ်းများကို သဘောတူလက်ခံပြီးဖြစ်ကြောင်း အတည်ပြုပါသည်။ ဤစည်းမျဉ်း စည်းကမ်းများ၏ အကြောင်းအရာတစ်ခုခုကို လက်ခံသဘောတူညီမှုမရှိပါက VVIP9 Smart Cards ကို အသုံးပြုနိုင်မည် မဟုတ်ပါ။

User ကန့်သတ်ချက်
  1. VVIP9 Smart Cards ကို အသုံးပြုသူသည် အသက် ၁၆ နှစ်ပြည့်ပြီး သူဖြစ်ရပါမည်။ အသက် ၁၆ နှစ်အောက် ဖြစ်ခဲ့ပါက အုပ်ထိန်းသူ၏ ခွင့်ပြုချက် ရယူပြီးမှသာ အသုံးပြုရပါမည်။
  2. VVIP9 Smart Cards ကိုအသုံးပြုသူများအားလုံ:နှစ်စဉ်၀န်ဆောင်မှုပေးချေပြီး အသုံးပြုနိုင်ပါသည်။
  3. VVIP9 Smart Cards ကိုအသုံးပြုမည်ဆိုပါက အောက်ဖော်ပြပါ စည်းကမ်း သတ်မှတ်ချက်များကို သဘော တူညီမှုပြုလုပ်ရန်လိုအပ်ပါသည်။
အသုံးပြုသူ၏ အချက်အလက်များလုံခြုံရေး
  1. အသုံးပြုသူ၏ မည်သည့် အကြောင်းအရာ အချက်အလက် များကိုမှ တရားဝင်မဟုတ်သောနည်းလမ်း နှင့် ဖေါ်ပြခြင်းမှ ကာကွယ်နိုင်ရန် အတွက် Electronic Procedures များကိုအသုံးပြုထားပါသည်။
စည်းမျဉ်းစည်းကမ်းများကို ပြင်ဆင်ခြင်း
  1. VVIP9 Smart Cards ဝယ်ယူအသုံးပြုသူများအားလုံးအတွက် စည်းမျဉ်းစည်းကမ်းများကို လိုအပ်သည့် အချိန်၌ ပြင်ဆင်ခြင်း သို့မဟုတ် ဖြည့်စွက်ခြင်း စသည်တို့အားလုပ်ပိုင်ခွင့်ရှိပါသည်။ စည်းမျဉ်းစည်းကမ်းများ ပြုပြင်ပြောင်းလဲမှုရှိပါက VVIP9 အက်ပလီကေးရှင်းမှ အသိပေး ဖော်ပြပေးသွား မှာဖြစ်ပါသည်။
  2. VVIP9 Smart cards အရောင်းမြှင့်တင်ချင်း နှင့် အသုံးပြုသူများအတွက် လက်ဆောင်များ ပြန်လည်ပေးအပ်ချင်းစသည့် အရောင်းပိုင်း နှင့်သက်ဆိုင်သော ကိစ္စ ရပ်အထွေထွေအတွက် အခါအားလျှော်စွာ ကျင်းပပြုလုပ်လေ့ရှိသော ပွဲများ၊ ပြိုင်ပွဲများ အတွက် လိုအပ်သည့် စည်းမျဉ်းစည်းကမ်းများကို လိုအပ်သလို ထုတ်ပြန် ကြေငြာသွားမည်ဖြစ်ပြီး အငြင်းပွားမှုကိစ္စ အကြောင်းအရာ တစ်စုံတစ်ရာ ရှိခဲ့ပါက “VVIP9” ၏ ဆုံးဖြတ်ချက် အတိုင်းသာ သဘောတူ နားလည်ပြီး လိုက်နာဆောင်ရွက်ရမည်ကို သိရှိပြီးဖြစ်ပါသည်။
အဖိုးအခ ကောက်ခံခြင်း

VVIP9 ၏ ဝန်ဆောင်မှုကို နှစ်စဉ်ကြေးပေးသွင်းပြီး ဌားရန်း အသုံးပြုနိုင်ပါသည်။ ဝန်ဆောင်မှု အမျိုးအစား သုံးမျိုး ရှိပြီး အမျိုးအစားအလိုက် နှစ်စဉ်ကြေး သုံးမျိုးရှိပါသည်။ Normal package၊ Standard package နှင့် Luxury package စတဲ့ package (၃) မျိုးမှ မိမိကြိုက်နှစ်သက်ရာ ဝန်ဆောင်မှုကို ရယူပြီး နှစ်စဉ်ကြေး ပေးသွင်း ဌားရန်း အသုံးပြုနိုင်ပါသည်။

VVIP9 ၏ Free Package မှလွဲ၍ Normal၊ Standard Package နှင့် Luxury စတဲ့ package (၃) မျိုး အတွက် နှစ်စဉ်ဝန်ဆောင်မှု ရယူထားရန်လိုအပ်ပါ သည်။

နှစ်စဉ်ကြေးပေးသွင်းရာတွင် မိမိ အသုံးပြုလိုသော မိုလ်ဘိုင်း ပေးမန့် ဖြင့် နှစ်စဉ်ကြေးပေးချေပြီး ဝန်ဆောင်မှုရယူနိုင်ပါသည်။

နှစ်စဉ်ကြေး ပေးသွင်း ရာတွင် မိမိ သဘောဆန္ဒတိုင်း ကျေနပ်စွာ ပေးသွင်းရယူနိုင်ပါသည်။

နှစ်စဉ်ကြေးပေးသွင်းမှုကို တစ်ဦးတစ်ယောက်၏ စေခိုင်းမှုဖြင့် မိမိဆန္ဒမပါဝင်ပဲ လုပ်ဆောင်ခြင်း မပြုလုပ်ရန် အပြင်းအထန်တားမြစ်ပါသည်။

နှစ်စဉ်ကြေးပေးသွင်း၊ ဝန်ဆောင်မှုရယူထားသူများသည် ထိုအချက်ကိုနားလည်သဘောပေါက် လက်ခံပြီးမှ ဝန်ဆောင်မှုအတွက် နှစ်စဉ်ကြေးပေးသွင်းပြီး ဌားရန်း ရယူသူများဟု သက်မှတ်ပါသည်။

နှစ်စဉ်ကြေးပေးသွင်း ပြီး ဝန်ဆောင်မှုရယူအသုံးပြုထားသူများသည် ဝန်ဆောင်မှုရယူသည့် အချိန်မှစ၍ တစ်နှစ် တိတိ ဝန်ဆောင်မှု ကို ဌားရန်း အသုံး ပြုနိုင်ပါသည်။

တစ်နှစ်သက်တမ်း အသုံးပြုပြီး သက်တမ်းကုန်ဆုံးပါက နှစ်စဉ်ကြေး တစ်နှစ်စာအတွက် ထပ်မံပေးသွင်းပြီး ဝန်ဆောင်မှုကို ဆက်လက်သက်တမ်းတိုးဌားရန်း အသုံးပြုနိုင်ပါသည်။

ဝန်ဆောင်မှု ၏ နည်းပညာများအားလုံးကို “VVIP9” မှအပြည့်အဝပိုင်ဆိုင်ပါသည်။

ဝန်ဆောင်မှုဌားရန်းအသုံးပြုသူသည် မိမိကိုယ်ပိုင်ဒေတာအချက်အလက်များထည့်သွင်းအသုံးပြုနိုင်ပြီး ထိုဒေတာ အချက်အလက်များ ကို ဌားရန်းအသုံးပြုသူသည် အပြည့်အဝပိုင်ဆိုင်ပါသည်။

ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ မေးမြန်းလိုသည်များ သို့မဟုတ် အကြောင်းကိစ္စတစ်ခုခုကို “VVIP9” ထံသို့တိုက်ရိုက် ဆက်သွယ်သင့် ပါသည်။

ဝန်ဆောင်မှုတွင် အခမဲ့စမ်းသပ်သုံးစွဲမှုပါဝင်ပါက သတ်မှတ်ထားသည့် အခမဲ့ စမ်းသပ်သုံးစွဲနိုင်မည့် Permissions အတွက်သာ ဝန်ဆောင်မှုကို အသုံးပြုနိုင်မည်ဖြစ်ပါသည်။

ဤစည်းကမ်းချက်များတွင် လူကြီးမင်းအား အတိအလင်း ခွင်ပြုမထားသော အခွင့်အရေးများ အားလုံးကို ကျွန်ုပ်တို့ သို့မဟုတ် ကျွန်ုပ်တို့၏ အသုံးပြုခွင့်ပေးသူများ၊ ထောက်ပံ့သူများ၊ ထုတ်ဝေသူများ၊ အခွင့်အရေး ကိုင်ဆောင်သူများ သို့မဟုတ် အခြားသော အကြောင်းအရာ ပံ့ပိုးပေးသူများက ထိန်းသိမ်းရယူထားပါသည်။ လူကြီးမင်းအနေဖြင့် ဤစည်းကမ်းချက်များနှင့် ဥပဒေအရခွင့်ပြုထားသော ဝန်ဆောင်မှုကိုသာလျှင် အသုံးပြု နိုင်ပြီး အခြားအရာအားလုံးအသုံးပြုခြင်းကို တင်းကြပ်စွာတားမြစ်ထားပါသည်။

VVIP9 ၏ တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် အကြောင်းပြချက်တစ်ခုခု သို့မဟုတ် အကြောင်းပြချက် မရှိဘဲ လူကြီးမင်း၏ ဝန်ဆောင်မှုသို့ ဝင်ရောက်မှုကို အကြောင်းကြားမှုနှင့် တာဝန်ခံမှုမရှိဘဲ အမြဲတမ်း သို့မဟုတ် ယာယီရပ်စဲခြင်း၊ ဆိုင်းငံ့ခြင်း သို့မဟုတ် အခြားနည်းဖြင့်ခွင့်ပြုရန် ငြင်းဆန်ခြင်းများ အချိန်မရွေး ပြုလုပ်နိုင်သည်။

ထိုသို့သောကိစ္စရပ်မျိုးတွင် လူကြီးမင်းသည် စည်းကမ်းချက်များတွင်ပါဝင်သော ဆက်လက်တည်ရှိ နေမည့် စည်းကမ်းချက်များကို ဖြည့်ဆည်းရန် လိုအပ်သည့်အတိုင်းအတာအထိ ဆက်လက်လိုက်နာရပါ မည်။ လူကြီးမင်း၏ဝန်ဆောင်မှုအသုံးပြုမှုသည် သတ်မှတ်အချိန်နှင့် သတ်မှတ်အချိန်မဟုတ်သော ဝန်ဆောင်မှု အဆက်ပြတ်ခြင်းများပေါ် မူတည်နိုင်သည်။ ဝန်ဆောင်မှု အဆက်ပြတ်ခြင်း၊ (စီစဉ်ထားသည်ဖြစ်စေ၊ စီစဉ်မထားဘဲဖြစ်စေ) ချို့ယွင်းမှုဖြစ်ပေါ်ခြင်း သို့မဟုတ် မဝင်ရောက်နိုင်ခြင်းတစ်ခုခုအတွက် “VVIP9” သည် လူကြီးမင်းအပေါ် သို့မဟုတ် မည်သည့်တတိယပုဂ္ဂိုလ်များအပေါ်မဆို တာဝန်ရှိမည် မဟုတ်သည်ကို လူကြီးမင်းအနေဖြင့် သဘောတူညီပါသည်။

VVIP9 သည် လူကြီးမင်း၏ ဝန်ဆောင်မှု အသုံးပြုမှု သို့မဟုတ် အလွဲသုံးစားပြုမှု၊ အခြားအသုံးပြုသူများနှင့် အပြန်အလှန် ဆက်သွယ်ဆောင်ရွက်မှု သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အခြားဆောင်ရွက်မှု သို့မဟုတ် ပေါ့လျော့မှု တစ်ခုခုအတွက် တာဝန်ရှိမည်မဟုတ်ပါ။

အဆိုပါ စည်းကမ်းချက်များ သည် လူကြီးမင်းအနေဖြင့် စာရင်းပေး သုံးစွဲနေစဉ်ကာလအတွင်း တရားဝင် တည်ရှိမည်ဖြစ်သည်။

ပြန်အမ်းငွေ မူဝါဒ
  1. “VVIP9” ဝန်ဆောင်မှုရယူထားသူများသည် လျှောက်လွှာပုံစံတွင် အချက်အလက် ပြည့်စုံစွာဖော်ပြထားပါသည်။ ထိုအချက်အလက်များကို ဖတ်ရှုနားလည်ပြီးမှ အသုံးပြုသူများသည် ဝန်ဆောင်မှုကို ရယူထားခြင်း ဖြစ်သည့်အတွက် နားလည်မှုတစ်စုံတစ်ရာ ကို လွဲချော်ခဲ့သည်ရှိသော် ပြန်အမ်းငွေကို ရနိုင်မည်မဟုတ်ပါ။
တတိယအဖွဲ့အစည်း ဝန်ဆောင်မှုသို့ ချိတ်ဆက်ခြင်း
  1. VVIP9 App သို့မဟုတ် Web Portal တွင် အခြားကြော်ငြာ websites (သို့) Mobile App (Linked Site) များ (သို့) ချိတ်ဆက် Link များ ပါဝင်နိုင်ပါသည်။ ထိုကြော်ငြာ Linked Sites များသည် ကျွနုပ်တို့ ၏ ထိန်းချူပ်မှုအောက်တွင်မရှိပဲ Linked Site များ Update ပြုလုပ်ခြင်း (သို့) ပြောင်းလဲခြင်း တစ်စုံတစ်ရာ (သို့) ကန့်သတ်ခြင်းများ မရှိဘဲ မည်သည့် Linked Site အတွက်မဆို တာဝန်မရှိပေ။
အသုံးပြုသူ၏ ရနိုင်သော အခွင့်အရေး၊ ရပိုင်ခွင့် နှင့် တာဝန်များ
  1. ယခု VVIP9 သည် တရားဝင် မူပိုင်ခွင့်မှတ်ပုံတင်ထား ပြီး ပြဌာန်းထားသော တည်ဆဲတရားဥပဒေ၏ ကာကွယ်မှုအောက်တွင် တည်ရှိသည်။
  2. VVIP9 App သို့မဟုတ် Web Portal တွင်ပါဝင်သည့် HTML နှင့် အခြား Code များ, ဖွဲ့စည်းထားသည့် မာတိကာ(Contents)များ၊ အကြောင်းအရာ၊ စာသားများ၊ ပုံများ စသည်တို့အား ကူးယူသုံးစွဲခြင်း၊ ဆင်တူရိုးမှား၊ ထင်ယောင်ထင်မှား တုပပြုလုပ်ခြင်းများကို ပြင်းထန်စွာ တားမြစ်သည်။
  3. VVIP9 ၏ Logo အား ဆင်တူရိုးမှား၊ ထင်ယောင်ထင်မှား တုပပြုလုပ်ခြင်းများကိုလည်း ပြင်းထန်စွာ ထားမြစ်ထားသည်။
  4. ၀န်ဆောင်မှု အသုံးပြုသူများသည် VVIP9 မှ အခါအားလျှော်စွာ ကျင်းပလေ့ရှိသော Promotion အစီအစဉ်များ နှင့် အခြား Campaign အစီအစဉ်များတွင် ထုတ်ပြန်ကြေငြာထားသည့် စည်းမျဉ်းစည်းကမ်းများ အတိုင်း ပါဝင်ခွင့်ရှိပါသည်။
  5. အသုံးပြုသူသည် မိမိ၏ data နှင့် information များကို sharing လုပ်နိုင်ရန်အတွက် တစ်ဖက်သူ၏ ဖုန်းထဲတွင် NFC function သို့မဟုတ် QR Scanner ပါရှိရမည်။
  6. VVIP9 အား တရားဝင်ခွင့်ပြုထားသော download link များမှဖြစ်စေ၊ bluetooth, Apk Share, Zapya, Flash Transfer စသည်တို့ဖြင့် လွတ်လပ်စွာ ဖြန့်ဝေသုံးစွဲနိုင်ပါသည်။
အထက်ပါအချက်အလက်များကို ဖတ်ရှုနားလည်သဘောတူညီပြီးဖြစ်ပါက အသုံးပြုရန် ဆက်လက်လုပ်ဆောင်နိုင်ပြီ ဖြစ်ပါ သည်။